Local News

မန္တလေးကုန်စည်ဒိုင် ပြောင်းဖူးစေ့ ဈေးအေးနေ

Last Updated:

ဒီဇင်ဘာလ ဒုတိယပတ် မန္တလေးကုန်စည်ဒိုင်သို့ ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် မတ္တရာဘက်မှ ပြောင်းဖူးစေ့များ ဝင်ရောက်နေပြီး၊ ပြည်ပတင်ပို့မှုမရှိပဲ တိရိစ္ဆာန်အစာ တောင့်စက်ရုံများမှ လည်း ဝယ်ယူမှုအေးနေသောကြောင့် ဈေးအေးနေကြောင်းသိရသည်။

ရှမ်းပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာ တစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၅၅၀၀၀ မှ ၅၆၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀ မှ ၅၇၀၀၀ ၊ ယခင်လ ကျပ် ၅၈၀၀၀ မှ ၅၉၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ ၊ ယခင်လထက်ကျပ် ၃၀၀၀ နိမ့်ကျလာသည်။ 

စီပီပြောင်း ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၆၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၅၆၀၀၀ မှ ၅၇၀၀၀၊ ယခင်လ ကျပ် ၅၈၀၀၀ မှ ၅၉၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၊ ယခင်လထက်ကျပ် ၂၀၀၀ မှ ၃၀၀၀ နိမ့်ကျလာသည်။ ဗမာပြောင်းဖူးစေ့ ၅၄ ပိဿာဝင်သုံးတင်း တစ်အိတ်ဈေးနှုန်းမှာ ယခုတစ်ပတ် ကျပ် ၅၄၀၀၀ မှ ၅၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၅၅၀၀၀ မှ ၅၆၀၀၀၊ ယခင်လ ကျပ် ၅၆၅၀၀ မှ ၅၇၀၀၀ ဖြစ်သည်။  ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀၊ ယခင်လထက်  ကျပ် ၂၀၀၀ မှ ၂၅၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

                                                                                  

Category: Local News